နေပြည်တော်  ၁၈  ဖေဖော်ဝါရီ 

 

ပင်လောင်းမြို့နယ်၊ ပင်မွန်းမြောက်ကျေးရွာ မြောက်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၈ ဒသမ ၅)ဧကခန့်အား ပင်လောင်း မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မင်းအောင် ဦးစီးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

 

အလားတူ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအရှေ့မြောက်ဘက် ၃ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၈)ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေ ဦးစီးသည့်ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ  သိရသည်။ 

 

MDN