နေပြည်တော်  ၁၈  ဖေဖော်ဝါရီ 
    

ပြည်သူ့လွှတ်တော်၊ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် မြန်မာမိုးနတ်မင်းကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များအား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

mdn

    

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာမိုးနတ်မင်း ကုမ္ပဏီမှ ပင်လယ်ရေကိုအသုံးပြု၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်မည့် ခေတ်မီနည်းပညာရပ်ဆိုင် ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။ 

 

(သတင်းစဉ်)