နေပြည်တော်၊ ဩဂုတ် ၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်အထိ (၆)လကြာ ကျင်းပမည့် “Horticultural Expo 2023” တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းပါဝင်ပြသမည့် အစီအစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာပြခန်းဆောင်တာဝန်ခံအဖြစ် ဆောင်ရွက်မည့် Treasure Cap Group of Companies မှ တာဝန်ရှိသူများက မြန်မာပြခန်းဆောင် ဒီဇိုင်းရေးဆွဲထားမှု၊ ပြပွဲကာလအတွင်း ထည့်သွင်းကျင်းပမည့် အစီအစဉ်များနှင့် ပြပွဲတွင် မြန်မာပြခန်းဆောင် အောင်မြင်စွာပါဝင်ပြသ နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)