စစ်ကိုင်း ဩဂုတ် ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆားနှင့် ပဲတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မုံရွာမြို့ ရုံးကြီးရပ် “ရွေသုဝဏ်ကျောင်းတိုက်”သို့ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(မုံရွာ)မှ တာဝန်ရှိသူများ သွားရောက်၍ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆရာတော်ကြီးထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


