နေပြည်တော် ဩဂုတ် ၁၀

၂၀၂၃ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ရုံးအမှတ် ၅၂ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က  စက်တင်ဘာလ ၈ရက်တွင် ကျင်းပမည့် နိုင်ငံတကာ စာတတ်မြောက်ရေး နေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက် ကြရန်ပြောကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်