နေပြည်တော် ဩဂုတ် ၁၂

ဩဂုတ် (၁၂)ရက်တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့” အထိမ်းအမှတ်အဖြစ်  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်တွင် ကျင်းပရာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် နှင့်ဒုတိယ ဥက္ကဋ္ဌဒေါက်တာ ဒေါ်တင်တင်လေး တို့သည်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်များကို စိုက်ပျိုး‌ပေးသည်။ 

အခမ်းအနားသို့ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် အသင်းဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သစ်ပင်ပျိုးပင် စုစုပေါင်း (၅၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။

ဝင်းအောင်(မြန်မာနိုင်ငံကြက်ခြေနီအသင်း)