နေပြည်တော် ဩဂုတ် ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး သည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဆည်တမံများအတွင်း ရေဝင်ရောက်မှုအခြေအနေကို  ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်ရှိ ဆင်အုံကန် ရေလှောင်တမံသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ တာဝန်ရှိသူက ဆင်အုံကန်ဆိုင်ရာ အချက်အလက်များ၊ ပြန်လည်ပြင်ဆင်ထားရှိမှု၊  ဆင်အုံကန်ရေပိုလွှဲတွင် ရေတံခါးတပ်ဆင်ထားရှိမှု၊ မြို့ပြသုံးရေဖြန့်ဝေမှု၊ ရေဝင်ရောက်မှုနှင့် စိုက်ပျိုးရေဖြန့်ဝေမှုများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လယ်ယာကဏ္ဍတွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်၊ သီးထပ်ပိုမိုစိုက်ပျိုးနိုင်ရေး၊ စပါးအထွက်တိုးရေး၊ စပါးစိုက်ပျိုးရန် အဆင်မပြေသည့်လယ်မြေများတွင် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး ပြောကြားကာ ဆင်အုံကန်ရေပိုလွှဲတွင် ရေတံခါးတပ်ဆင်ထားရှိမှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရန်အောင်မြင်ဆည်သို့ ရောက်ရှိပြီး ရေသန့်စင်စက်ရုံ လည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ် ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်းရှင်များကို နည်းပညာများပံ့ပိုးပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် တက်ရောက်လာသူ များက စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

သတင်းစဉ်