နေပြည်တော်၊ ဩဂုတ် ၁၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သိန္နီမြို့နယ်၊ နမ့်အွမ်ကျေးရွာအနီး ရှောင်ကွင်းလမ်းထိပ်တွင် ပိုင်ရှင်မဲ့ စုပုံထားသော ပစ္စည်းများဖြစ်သည့် Heffey Toner (၃၀၀) ၊ Volvo Air Filter (၂)ခု အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဩဂုတ် ၁၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကာမိုင်းမြို့နယ်၊ ကာမိုင်း-ဖားကန့်ကားလမ်း၊ ပေ ၃၀၀ တံတားအနီး၌ တိမ်းမှောက်နေသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် စက်သုံးဆီ (ဒီဇယ်ဆီ) (၄၃၂)ဂါလံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၂၀,၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင် လာသည့် Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၀၀,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ဝိုင်းမော်မြို့၊ ခမရ (၃၂၁)စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Lifan သုံးဘီးဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့် မိုးမောက်မြို့နယ်၊ စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရား ဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Super Custom မော်တော်ယာဉ်(၂)စီး၊ Pajero မော်တော်ယာဉ်(၁)စီးနှင့် Noah မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉,၈၂၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဩဂုတ် ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအနီး၌ ရှောင်တခင်
စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုဇွန် ကီလိုဂရမ် (၄၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့်
Toyota Hiace (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

ထပ်မံ၍ ဩဂုတ် ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က ညောင်လေးပင် ခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်(၁ ဒသမ ၂၉၄) တန်၊ သစ်မာ (၀ ဒသမ ၈၂၈)တန်နှင့် အခြားသစ် (၀ ဒသမ ၇၈၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၂၃,၅၀၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဩဂုတ် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှ  စုစုပေါင်းမှာ အမှုတွဲ(၁၂)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃,၉၇၃,၅၀၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)