ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Martin Griffiths ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကိုလက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၅

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Martin Griffiths ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ညနေ၄နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ကုလသမဂ္ဂအဖွဲ့ အစည်းနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်