နေပြည်တော် ဩဂုတ်  ၁၆

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motors Co., Ltd.မှ တင်သွင်းလာသော BYD Atto 3 အမျိုးအစား လျှပ်စစ်သုံးယာဉ် (၁၆) စီး၊ Grand Sirius Co., Ltd.မှ တင်သွင်းလာသော Neta V အမျိုးအစား လျှပ်စစ်သုံးယာဉ်အစီး (၂၀) ၊ Auto Top Power Co., Ltd.မှ တင်သွင်းလာသော Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးယာဉ် (၄) စီး၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ် အစီး(၄၀)နှင့် NCX  Myanmar Co., Ltd.မှ တင်သွင်းလာသော Wuyaung Honda အမျိုးအစား လျှပ်စစ်သုံးမော်တော် ဆိုင်ကယ် (၄၈) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံး မော်တော် ဆိုင်ကယ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။ 

(သတင်းစဉ်)