နေပြည်တော် ဩဂုတ် ၁၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အကြား ကျန်းမာရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက် နိုင်ရေး Regional Agreement လက်မှတ်ရေးထိုးရေး၊ ICRC မှ မြန်မာ နိုင်ငံအတွင်း ဆောင်ရွက် လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ခြေတုလက်တုထုတ် လုပ်တပ်ဆင်ရေး၊ ICRC အဖွဲ့မှ အပြည်ပြည်ဆိုင်ရာဝန်ထမ်း များ၏ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွား ရောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)