နေပြည်တော် ဩဂုတ် ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် တာဝန်ရှိ သူများနှင့်အတူ ဩဂုတ် ၁၇ ရက်မှ ၂၀ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတင်းအချက် အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားတွေ့ဆုံကာ ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဩဂုတ် ၁၈ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နည်းပညာ တက္ကသိုလ်(မှော်ဘီ) သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပြည်)သို့ ရောက်ရှိကာ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များကို လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နည်းပညာ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ပြည်) စီမံကိန်းတည်ဆောက်ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဩဂုတ် ၁၉ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ရောက်ရှိရာ နည်းပညာ တက္ကသိုလ်(မကွေး)နှင့် အစိုးနည်းပညာအထက်တန်းကျောင်း (မကွေး)သို့ လည်းကောင်း၊ ယနေ့တွင် ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (ရေနံချောင်း)သို့ လည်းကောင်း သွားရောက်၍ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၏ ကျောင်းဆိုင်ရာ အချက်အလက်များ ဆွေးနွေးတင်ပြမှုနှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ တင်ပြချက်များကိုပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်နှင့်ကျောင်းများ၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှု၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူ များ၏ သင်ကြားသင်ယူဆောင်ရွက်နေမှု၊ လက်တွေ့ခန်းများတွင် လက်တွေ့ဆောင်ရွက် နေမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ အားကစားယှဉ်ပြိုင်နေမှုနှင့် ကျောင်းသား၊ကျောင်းသူ အိပ်ဆောင်များတွင် နေထိုင်စားသောက်မှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များမှ ကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ အနီးကပ်ကြီးကြပ်ထောက်ပံ့မှုဖြင့် မကျီးကန်ကျေးရွာရှိ Daily Integrated Farm လုပ်ငန်းတွင် နည်းပညာတက္ကသိုလ်(မကွေး)မှ တာဝန်ယူ ပူးပေါင်းဆောက်ရွက်လျှက်ရှိသည့် ဇီဝဓါတ်ငွေ့ကန် အမှတ်(၂/၂၀၂၃)သို့ သွားရောက်ကာ လိုအပ်သောနည်းပညာများ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး မှာကြားချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်