ဝါရှင်တန် ၁၉ ဖေဖော်ဝါရီ
အမေရိကန် ကုန်သွယ်ရေးဌာနသည် မော်တော်ယာဉ်များကို အခွန်တိုးမြှင့်ကောက်ခံသွားရန် ရှိမရှိနှင့်ပတ်သက်သည့် အစီရင်ခံစာ တစ်စောင်ကို သမ္မတထရမ့်ထံသို့ ပေးပို့ခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစီရင်ခံစာ၌ ပါဝင်သည့်အချက်အလက်များကို ထုတ်ဖော်ကြေညာခြင်းမရှိသေးပေ။ သို့သော် သွင်းကုန်များအတွက် ကန့်သတ်ချက်များသတ်မှတ်ရန် အစီရင်ခံစာတွင် တောင်းဆိုထားဟန်ရှိကြောင်း သိရသည်။
ကုန်သွယ်ရေးအတွင်းဝန် ဝီဘာရော့စ်က ယင်းအစီရင်ခံစာကို တနင်္ဂနွေနေ့တွင် အဆိုတင်သွင်းခဲ့သည်။ အမေရိကန် မော်တော်ကားစက်ရုံများရှိ တပ်ဆင်ပြီးကားများနှင့် အစိတ်အပိုင်းများတင်သွင်းမှု၏ အကျိုးသက်ရောက်မှုများနှင့် အခွန်ကောက်ခံမှုများကို တိုးမြှင့်ရန်သင့်မသင့်နှင့်ပတ်သက်၍ စစ်ဆေးခဲ့ကြောင်းသိရသည်။
အင်န်အိတ်ချ်ကေ