လွိုင်ကော် ဩဂုတ် ၂၅

 

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)ကို ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခုအား တွေ့ဆုံဝန်ဆောင်မှုပေးခဲ့မှု အခြေအနေများနှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်နှင့်စပ်လျဉ်း၍ အတည်ပြုမိန့်တွင် ပြင်ဆင်ခွင့်ပြုမှုအခြေအနေများကို ကော်မတီအတွင်းရေးမှူး ဦးစစ်အောင်က ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)