နေပြည်တော် ဩဂုတ် ၂၅
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း ပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တို့၌ ကျင်းပသည်။
အခမ်းအနားများသို့ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်နှင့်မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှု ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးကိုကိုလွင် နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်း များကို ဆောင်ရွက်ကြသည်။
ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၃၅ ဦး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၉၅ ဦး တက်ရောက်ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ ဆန္ဒမဲပေးခဲ့ကြသည်။
Myanmar Electronic Vo-ting Machine (MEVM) စက်ကို ပြည်တွင်းရှိ ကျွမ်းကျင်နည်းပညာရှင်များဖြင့် တီထွင်ဆောင်ရွက် ထားခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက် သော နည်းပညာခေတ်တွင် ရွေးကောက်ပွဲများ ဆောင်ရွက်ရာ၌ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်း စေမည်ဖြစ်ရာ လွတ်လပ်၍ တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများ ကျင်းပ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
သတင်းစဉ်