ရန်ကုန်   ဩဂုတ်  ၃၀

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ State Administration for Market Regulation ဌာန၊ ဝန်ကြီး Mr. LUO Wen ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ခေါင်းဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့တွင် စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့်    (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏  အရည်အသွေးပိုင်းဆိုင်ရာ   ညီလာခံ (The Fifth Quality Conference) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

 

ပို့ဆောင်နှုတ်ဆက်

မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန် Mr. Quyang   Daobing  နှင့် စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်ရှိ  ဦးစီးဌာနများမှ ဌာနအကြီးအကဲများက  ရန်ကုန်ပြည်ပြည်ဆိုင်ရာ     လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ညီလာခံအား အရည်အသွေးပြောင်းလဲတိုးတက်မှုနှင့်  စီးပွားရေးပြန်လည်ကောင်းမွန်စေရေး ပူးပေါင်းဆောင်ရွက်မှု (Quality Evolution and Cooperation in Economic Recovery) ခေါင်းစဉ် ဖြင့် ကျင်းပမည်ဖြစ်ပြီး  ညီလာခံတွင်  စီးပွားရေးနှင့် ကုန်သွယ်မှု၊ အရည်အသွေးပြည့်မီသည့် အခြေခံအဆောက်အအုံများနှင့် စီးပွားရေးဝန်းကျင်    တည်ဆောက်နိုင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  ကိစ္စရပ် များကို အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်