နေပြည်တော် ဩဂုတ် ၃၁
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၃) ကို “ရငွေများ လျော်ကန်သင့်မြတ်မှုနှင့် အပြည့်အဝကောက်ခံရရှိမှုစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခဒေါက်တာ ခင်နိုင်ဉီးက ယနေ့တွင် စစ်ဆေးရေးဝန်ထမ်းများအနေဖြင့် ရငွေများစစ်ဆေးရာတွင် သတိပြုသင့် သည့် အချက်များကို သိရှိနိုင်ရန် “ရငွေများ လျော်ကန်သင့်မြတ်မှုနှင့် အပြည့်အဝ ကောက်ခံရရှိမှုစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးမည် ဟုသိရှိရသဖြင့် ရငွေဆိုင်ရာ ဉပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ညီညွတ်မှုမရှိသည်များ၊ ဌာန၊ အဖွဲ့အစည်းများက လိုက်နာကျင့်သုံးရန် လိုအပ်နေသေးသည့် ကိစ္စရပ်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းအတွက် များစွာအထောက်အကူပြု နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဖြည့်စွက်ဆွေး နွေးလိုသည်များ၊ သိရှိလိုသည့်အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမေးမြန်းခြင်း၊ အပြန်အလှန်မျှဝေခြင်းတို့ဖြင့် စစ်ဆေးရေးလုပ်ငန်းများတွင် ပိုမိုထိရောက် အကျိုးရှိ စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းက ရငွေအမျိုးအစားများ၊ ရငွေဆိုင်ရာလိုက်နာရမည့် အမိန့်၊ ညွှန်ကြား ချက်၊ လုပ်ထုံးလုပ်နည်းများနှင့် ဌာန၊အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များအပေါ် လိုက်နာ ဆောင်ရွက်မှုများကို လက်တွေ့စစ်ဆေးတွေ့ရှိချက်များဖြင့် ရှင်းလင်းဆွေး နွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ကြသည်။
ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားစေရန်နှင့် အသိ ပညာ၊ ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ အသိပညာမျှဝေဆွေးနွေးပွဲများကို ကျင်းပခဲ့သည်မှာ (၃၃) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်း ခန်းမတို့မှ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက အွန်လိုင်းမှ တက်ရောက်ကြသည်။
သတင်းစဉ်