ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာနမှ ကြီးမှူးဖွင့်လှစ်သည့် စီမံကိန်းဆိုင်ရာစွမ်းရည်မြှင့်တင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီက မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမကြီး၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် မြို့တော်ဝန်က သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသား ခေါင်းဆောင် ကိုလည်းကောင်း၊ သင်တန်းတွင် ထူးချွန်စွာအောင်မြင်ကြသည့် ပထမဆုရရှိသူ မြို့ပြစီမံကိန်းဌာန၊ ပုံသေဝန်ထမ်း (ဗိသုကာ) ဒေါ်ဇင်ဝင့်ထက်၊ ဒုတိယဆုရရှိသူ မြို့ပြစီမံကိန်းဌာန၊ ပုံသေဝန်ထမ်း (ဗိသုကာ) ဦးအောင်သန့်ကို၊ တတိယဆုရရှိသူ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဌာနစုမှူး ဒေါ်ကျော့သူဇာထွန်း တို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းသို့  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း သင်တန်းသား/ သင်တန်းသူ(၂၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် (၃)ရက်မှ ဩဂုတ် (၂၉)ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်