စစ်တွေ စက်တင်ဘာ ၂
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင် စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် စစ်တွေ မြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တောမြို့နယ် တောင်ပြို လက်ဝဲပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိကြသည်။
ယင်းနောက် စခန်းတာဝန်ခံနှင့် တာဝန်ရှိ သူများက နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံ ရေးဆိုင်ရာ စီမံဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့် ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး စခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်သံတမန်အဖွဲ့သည် ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားမည့် ကြိမ်ချောင်း(တောင်) ကျေးရွာသို့ ဆက် လက် ထွက်ခွာကြပြီး ကြိမ်ချောင်း(တောင်) ကျေးရွာရှိ အသင့်ဆောက်လုပ်ပြီး နေအိမ်များနှင့် မြေကွက်များ ကို လေ့လာကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်သံတမန်အဖွဲ့သည် လှဖိုးခေါင်ယာယီနေရာချ ထားရေးစခန်းသို့ ရောက်ရှိကြပြီး တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာမည့်သူများအား ပြန်လည်နေရာချ ထားခြင်းမပြုမီ စခန်းတွင် ခေတ္တနေထိုင်နိုင်ရေးနှင့် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့များ ပံ့ပိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားကာ စခန်းအတွင်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှုကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေ မြို့မှ ပြန်လည်ထွက်ခွာကြပြီး နေပြည်တော်သို့ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်