နေပြည်တော် စက်တင်ဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရွှေမြို့ မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စမ်းသပ်ဆောင်ရွက်လျက်ရှိသော တစ်ကြိမ်လျင် မျိုးဘဲဥအလုံးရေ(၁၂၀၀၀)ကျော် မျိူးဖောက်နိုင်သည့် ဘဲဥဖောက်စက်များ စမ်းသပ်မောင်းနှင်နေမှုနှင့် မွေးမြူရေးတိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း BSL-3 ဓါတ်ခွဲခန်း လုပ်ငန်းများတွင် ရေအသုံးပြုနိုင်ရန် ဆည်မြောင်းနှင့် အရေအသုံးချမှု စီမံ ခန့်ခွဲရေးဉီးစီးဌာန က အလျားပေ ၃၃၀ ၊ အမြင့်(၃၆)ပေရှိ တစ်ဘက်ပိတ်ဆည် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ် ချက်များ ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာ၊ ကံကောင်း မွေးမြူရေးခြံ ရှင်းလင်းဆောင်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် မွေးမြူရေးတောင်သူများအား တွေ့ဆုံ၍ လုပ်ငန်းများတိုး တက်အောင်မြင်ရေးအတွက် နည်းပညာနှင့် အကူအညီလိုအပ် ချက်များ ကို သက်ဆိုင်ရာ ဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု ၊ မွေးမြူရေးလုပ်ငန်း ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူများ ကူးစက်ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်မျာ ကို ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ယုဇနကုမ္ပဏီလီမိတက်မှ ငှားရမ်းအသုံး ပြုလျက်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာနပိုင် အမှတ်(၂) ပျဉ်းမနားသကြားစက်သို့ ရောက်ရှိပြီး စက်လည်ပတ်မှုနှင့် စက်များပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်