နေပြည်တော် စက်တင်ဘာ ၅
စိုက်ပျိုးရေးဉီးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော အဆင့်မြင့်နည်းပညာကို အသုံးပြု၍ လုပ်ကွက်ငယ်တောင်သူများ အရည်အသွေးမြင့်ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်ကော်ဖီဉယျာဉ်၊ Information Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် ၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ်များ ၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သီးနှံကာကွယ် ရေးတာဝန်ခံများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် မြို့နယ် ဦးစီးမှူးများ၊ မြန်မာနိုင်ငံကော်ဖီအသင်းမှ ကိုယ်စားလှယ်များ ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ကော်ဖီအစုအဖွဲ့ ကိုယ်စားလှယ်များ၊ ကော်ဖီစိုက်တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူး (ကော်ဖီ-ရာသီ)မှ အဆင့်မြင့်နည်းပညာကို အသုံးပြု၍ လုပ်ကွက်ငယ်တောင်သူများ အရည်အသွေးမြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြပြီး စီမံကိန်းအထောက်အပံ့ဖြင့် ကရင်ပြည်နယ် (သံတောင်ကြီးမြို့နယ်) ၊ ရှမ်းပြည်နယ် (ရွာငံမြို့နယ်)နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင် မြို့နယ်)ရှိ ကော်ဖီစိုက်တောင်သူများကို ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသုံးပစ္စည်း ကိရိယာများ ဖြစ်သည့် ကိုင်းဖြတ်ပုံသွင်းကိရိယာများ၊ ကျင်းတူးကိရိယာများ၊ ကော်ဖီသီးအချိုဓာတ် တိုင်းကိရိ ယာများနှင့် ရွာငံမြို့နယ်ဓါတ်ခွဲခန်းအတွက် ကော်ဖီသီးအချိုဓာတ်တိုင်းကိရိယာနှင့် ကော်ဖီ ဆံအစို ဓာတ်တိုင်း ကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်