၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ဘေးသင့်ခဲ့သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်များ လွယ်လင့်တကူ လှူဒါန်းနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသော မြန်မာ ကျပ်ငွေ စာရင်းအမှတ် OA-011834၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေစာရင်းအမှတ် 1DA-0300086 နှင့် အခြားသော အီလက် ထရောနစ် ငွေပေးချေမှုစနစ်၊ မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် လှူဒါန်းနိုင်ကြောင်း QR Code များနှင့်တကွ ကြေညာခဲ့ပြီးဖြစ်ပါသည်။

 

ယခုအခါ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ လှူဒါန်းလိုသည့် ပြည်တွင်း/ပြည်ပ စေတနာရှင်များအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ထပ်မံဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 သို့ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ