နေပြည်တော် စက်တင်ဘာ ၁၀

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ရုံး၌ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံ လုပ်ငန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ပင်စင်ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အခြေပြုတာဝန်ထမ်းဆောင် နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နှစ်အလိုက်စီမံကိန်းများကို လျာထားချက် အလိုက် ပြည့်မီအောင် အကောင်အထည်ဖော်ရေး၊ စာရင်းအင်းအချက်အလက် ပြုစု ကောက်ယူမှုများတွင် တိကျမှန်ကန်မှုရှိစေရေး၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အခွန် လျာထားချက်ပြည့်မီအောင် ကောက်ခံနိုင်ရေး၊ အခွန်ထမ်းပြည်သူများ အခွန်ဆိုင်ရာဗဟု သုတများ သိရှိနားလည်ပြီး လိုလားစွာအခွန်ထမ်းဆောင်ကြစေရေးအတွက် အသိပညာ ပေး ဆောင်ရွက်ရေး၊ ငွေရေးကြေးရေးဆိုင်ရာဆောင်ရွက်သည့် အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အလေး ထားဂရုပြုဆောင်ရွက်ကြစေရေး၊ အခြားသောဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး၊ ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာ တာဝန်များထမ်းဆောင်ကြ စေရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်