ညောင်ဦး စက်တင်ဘာ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခု တစ်ပတ်အတွင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားနေကြောင်း မီနီအိုးဝေအငှားလိုက်သူများထံမှ သိရသည်။

 

ပုဂံသို့ ဘုရားဖူးလာရောက်သူများသည် ကျောက်ပန်းတောင်းမြို့နယ် အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာ ပုပ္ပားတောင် ကလပ်ရှိ အဘ အောင်မင်းခေါင်၏ (၇၁)နှစ်မြောက် အဘထွက်ပွဲသို့ လာရောက်ကြရင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ နေ့ချင်းပြန်လာရောက်ကြခြင်းဖြစ်ကြောင်း၊ ဟဲဟိုး၊ တကောင်း၊ တောင်ကြီး၊ ဟိုပုံး၊ နတ်မောက်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ရန်ကုန်၊ မန္တလေး၊ ရေစကြို၊ ယင်းမာပင်၊ ဖားကန့်၊ မိုးကုတ်၊ နတ်မောက်၊ မကွေး၊ ပဲခူး၊ သာယာဝတီ၊ လယ်ဝေး၊ နေပြည်တော် စတဲ့ မြို့တွေကနေ လာရောက်သူများကြောင်း သိရသည်။

 

မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် ပုဂံဒေသ၏ သမိုင်းဝင် အထင်ကရဘုရားများဖြစ်တဲ့ တုရင်တောင်စွယ်တော် မြတ်စေတီ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလိုမင်းလို၊ ရွှေစည်းခုံ၊ မနုဟာ၊ အာနန္ဒာ ၊ ဗူးဘုရား၊ အလိုတော်ပြည့်၊ ကျောက်ဂူဥမင်၊ ပြဿကြီးဘုရား၊ သဗ္ဗညုဘုရားနှင့် ကန်တော့ပလ္လင်ဘုရားများကို ဖူးမြော်ကြသည့်အပြင် ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ သာသနိကအဆောက်အအုံ၊ စေတီပုထိုး၊ ဘုရားများရှိ နံရံဆေးရေးပန်းချီများကိုလည်း စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိသည်။ 

 

ယခုရက်ပိုင်းအတွင်း ဘုရားဖူးများ လာရောက်သူများပြားသည့်အတွက် ဈေးဆိုင်များ၊ မြင်းလှည်းအငှားလိုက်သမားများ၊ အီးဗိုက်ငှားစားသူများ၊ မီနီအိုးဝေခေါ် သုံးဘီးအငှားသမားများ၊ စားသောက်ဆိုင်များလည်း အဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။

 

ဒီပါလင်း