လားရှိုး စက်တင်ဘာ ၁၃
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန် ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စက်မှုဇုံ လျာထားမြေ နေရာများကို ကွင်းဆင်းကြည့်ရှုသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိ သူများသည် လားရှိုးမြို့ သူနာပြုသားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသား/ သင်တန်း သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ သူနာပြု သားဖွားသင်တန်းကျောင်းအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့က ထောက်ပံ့ငွေများပေးအပ်ရာ သူနာပြု သားဖွားသင်တန်း ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်အဖွဲ့သည် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံရှိ ကလေး ကုသဆောင်သို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ကလေးများအား အာဟာရပြည့် စားသောက် ဖွယ်ရာများ ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့က ဆေးရုံအတွက် ထောက်ပံ့ငွေပေးအပ်ရာ လားရှိုး ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်၊ ဆရာမများက လက်ခံရယူပြီး အမျိုးသမီးဆောင်၌ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်အဖွဲ့သည် လားရှိုးမြို့ အရှေ့ခါးရိုး ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ လားရှိုးမြို့၊ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုဇာတ အား ဖူးမျှော်ကြည်ညိုပြီး နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်းကြသည်။ ဆက်လက်၍ လားရှိုးမြို့၊ ပင်မ "ဝ"နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ "ဝ"နှစ်ခြင်း ခရစ်ယာန် အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံရာ "ဝ" နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဦးဂျယ်ဆင်က ကျေးဇူးတင်စကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က "ဝ" နှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ အလှူငွေများပေးအပ်ရာ အသင်းတော် သင်းအုပ်ဆရာတော် သိက္ခာတော်ရ ဆရာ ဦးကျော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး မေတ္တာပို့သခြင်းနှင့် ကောင်းချီးမင်္ဂလာ ပေးကြသည်။
(သတင်းစဉ်)