စစ်တွေ စက်တင်ဘာ ၁၄
စစ်တွေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု (ပြင်ထိန်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတားများအား စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သာနို့အေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
စစ်တွေမြို့နယ်တွင် ချောင်းနွယ်ကျေးရွာနှင့် ဇော်မဒတ်ကျေးရွာသွား ကွန်ကရစ်လမ်းကို အပိုင်းလိုက်အဖြစ် အရှည် ၅၂၅ ပေ၊ ၁၈ ပေ အကျယ်အား ပြင်ထိန်းရန်ပုံငွေကျပ် ၇၇ ဒသမ ၉သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလမ်း ပြီးစီးသွားပါက ကျေးရွာလေးရွာမှ လူဦးရေ ၅၇၀၅ ဦးကို အကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် လုပ်ငန်းများ အချိန်မီပြီးစီးရေးကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်