၁၉ ဖေဖော်ဝါရီ

အမေရိကန်သမ္မတရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပြည်နယ် ၁၆ခုရဲ့ လွှတ်တော်အမတ်တွေက ဒီကနေ့ တရားစွဲလိုက်ကြောင်း သိရပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတော်အရေးပေါ် အခြေအနေကို ကြေငြာပြီး နိုင်ငံရဲ့ တောင်းပိုင်းက မက္ကဆီကို နယ်စပ်ကို တံတိုင်းကာရေးအတွက် ရန်ပုံငွေ အသုံးပြုရန် ရည်ရွယ်ခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် အမတ်တွေကတောင် အရေးပေါ်အခြေအနေ ကြေငြာချက်ကို လက်မခံကြတာကို တွေ့ရပါတယ်။ ကယ်လီဖိုးနီးရှားပြည်နယ်က ဦးဆောင်ပြီး တရားစွဲတဲ့ ပြည်နယ်၁၆ ပြည်နယ်ထဲမှာ ကယ်လီဖိုးနီးယား၊ နယူးယောက်နဲ့ ဗာဂျီးနီးယားပြည်နယ်တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

အမေရိကန်သမ္မတ ထရန့်ရဲ့ နယ်စပ်တံတိုင်းကာရေးအတွက် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၅.၇  ဘီလီယံကို  အောက်လွှတ်တော်က ပယ်ချထားပါတယ်။ အဲဒီပယ်ချချက်ကို ကျော်လွှားဖို့အတွက် ပြီးခဲ့သောကြာနေ့က အရေးပေါ်ကြေငြာချက်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

 

mdn

 

တရားစွဲဆိုထားတဲ့ ပြည်နယ်အမတ်တွေက “သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား လုပ်ထားခြင်းကို ပိတ်ပင်တားဆီးချင်တာကြောင့် တရားစွဲတာဖြစ်တယ်” လို့ ဆိုပါတယ်။

အောက်လွှတ်တော်ရဲ့ရည်ရွယ်ချက်ကို ဆန့်ကျင်ပြီး နယ်စပ်တံတိုင်းကာရေးလုပ်ဆောင်တာဟာ အမေရိကန်အခြေခံဥပဒေကို ချိုးဖောက်ရာကျတယ်လို့လည်း ပြစ်တင်ထားပါတယ်။ ထရန့်က နယ်စပ်တံတိုင်းကာရေးအတွက် အရေးပေါ်အခြေနေကြေငြာပြီး နောက်ပိုင်း တံတိုင်းအတွက် အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယံ ရရှိခဲ့ပြီဖြစ်ပါတယ်။ 

သမ္မတထရန့်က အခုလို အရေးပေါ်အခြေအနေကြေငြာတာက တံတိုင်းကာရေးအတွက် ရန်ပုံငွေ အမြန်ရရှိရေးအတွက်သာဖြစ်တယ်လို့ ဆိုပါတယ်။

MDN
ကိုးကား - AFP

 

mdn