နေပြည်တော် စက်တင်ဘာ ၁၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် အောင်ဇော်မိုး မောင်းနှင်ပြီး ဖိုးချင်းလိုက်ပါလာသည့် Wagon အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ၃၆ ဒသမ ၁ ကီလိုကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၂ နာရီတွင် တာချီလိတ် မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် ခင်မောင်သိန်း မောင်းနှင်ပြီး မအီနွန်း၊ အိုက်တစ်နှင့် အိုက်လွတ်တို့ လိုက်ပါလာသည့် TOYOTA CROWN မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်း ထိုင်ခုံကူရှင်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၅ ဒသမ ၅၄ ကီလို၊ အက်တက်စီ ဆေးပြား ၂,၀၀၀ ပြား ကိုလည်းကောင်း။
စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်း ရပ်ကွက်၊ ၇၅ x ၇၆ လမ်းကြား၊ ၁၁၇ လမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ဇော်မိုးသက်(ခ)ကိုသက်အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီ ကုန်းရပ်ကွက်၊ ရဲဘော်ကွက်သစ်ရပ်ရှိ ၎င်း၏ နေအိမ်မှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စု၊ အုန်းချော ကျေးရွာအနီးတွင် ဘိန်းဖြူများလာရောက် ပို့ဆောင်ပေးသူ သိန်းရွှေ(ခ)ပါဆယ်ကို ဆီဘောက်ဆာ မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)