နေပြည်တော် စက်တင်ဘာ ၁၆
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိတပ်ဖွဲ့ဝင် ၆၀၊ အခြားအဆင့်တပ်ဖွဲ့ဝင်(၁၃၃)ဦး၊ စုစုပေါင်း(၁၉၃)ဦးတို့သည် ယနေ့ နံနက် ၈ နာရီတွင် တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို ဦးဆောင်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်း တို့ တက်ရောက်အားပေးခဲ့ပြီး သန့်ရှင်းရေးပြုလုပ်နေသည့် တပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ဇနီးမိသားစုမှ လှူဒါန်းသည့် ကြက်သားဒံပေါက်နှင့် အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်