သရက် စက်တင်ဘာ ၁၇

 

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက သရက်ခရိုင် ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ အကပြိုင်ပွဲများနှင့် အဆို၊ ခေတ်ဟောင်းကာလပေါ်၊ ခေတ်ဟောင်းကာလပေါ်၊ ဝါသနာရှင် (ဒု)အဆင့် အဆို၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ ဒိုးပတ်ပြိုင်ပွဲများဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီတွင် ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု မပပျောက်စေရန်နှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတတ်သည့် စိတ်ဓာတ်များရရှိစေရန်နှင့် မြန်မာတို့၏ တူရိယာ(၅)မျိုး အစဉ်အလာ ထိန်းသိမ်းတတ်စေရန် မြန်မာ့ (၁၂)လပွဲတော်များ၊ မြန်မာ့အနုပညာ၊ ဂီတ၊ စာပေတို့ကိုလည်း ရိုးရာဓလေ့ စရိုက်မပျက် တိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဇော်ထက်(သရက်)