နေပြည်တော်  စက်တင်ဘာ ၁၇ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီခွဲတွင်  ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာအုပ်စု၊ တံတားကျိုးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မောင်လုံး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ (၈)တိုင်ကျေးရွာရှိ ဇင်သူနိုင်(ခ)ဂျပု ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၇,၀၂၀ ကိုလည်းကောင်း။

စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာအုပ်စု၊ မူကွာကျိုင်းကျေးရွာနေ လီချုံးဟော် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ၊ ဘိန်းဖြူ ၅ ဒသမ ၆၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

သတင်းစဉ်