၁၉ ဖေဖော်ဝါရီ

 

တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေး တည်ထောင်သူက သူတို့ကို ဖျက်ဆီးဖို့ မရနိုင်ဘူးလို့ ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

 

63322

 

အမေရိကန်နိုင်ငံက ဟွာဝေးကုမ္ပဏီကို နာမည်ပျက်စရင်းထဲ တည့်ဖို့ကြိုးစားနေတာကို အခုလို တုန့်ပြန်လိုက်တာဖြစ်ပါတယ်။ 

 

ကမ္ဘာကြီးက ဟွာဝေးကို ပစ်ခွာလို့မရဘူး။ သူ့မှာ ခေတ်ရှေ့ပြေးတဲ့ နည်းပညာနေရှိနေ၊ အနောက်မှာ နေဝင်ပေမယ့် အရှေ့မှာတော့ နေထွက်နေစဲ။ အလားတူ မြောက်ဘက်မှာ မှောင်သွားရင်တောင် တောင်ဘက် ရှိနေသေးတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာကြီးကို ကိုယ်စားမပြုဘူးလို့ အသက် ၇၄ နှစ်အရွယ် ဟွာဝေးတည်ထောင်သူ ရန် က ပြောပါတယ်။ 

 

ဟွာဝေးတည်ထောင်သူ ရန် ရဲ့ သမီးဖြစ်သူ ဟွာဝေးဘဏ္ဍာရေးအကြီးအကဲကို အမေရိကန်ပိတ်ဆို့ အရေးအယူထားသော အီရန်နဲ့ ပတ်သတ်မှု နဲ့ ကနေဒါနိုင်ငံမှာ အမေရိကန်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ဖမ်းဆီးခံနေရပါတယ်။ အဲဒီကိစ္စဟာ နိုင်ငံရေးရည်ရွယ်ချက်ပါကြောင်း၊ အဲဒီဟာအပေါ်ဆန့်ကျင်ကြောင်း၊ ဟွားဝေးဟာ လူတစ်ဦးတစ်ယောက်ပေါ် အခြေခံနေတာမဟုတ်ကြောင်း၊ဟွာဝေးမှာ ရေရှည်လုပ်ငန်းစဉ် အတွက် အစီအစဉ်ရှိပြီးသားပါ။  ကျွန်တော်ကိုယ်တိုင် မရှိရင်တောင် ဟွာဝေးက ဆက်လက်ရှင်သန်နေမယ်။ အခုလို ဖမ်းဆီးလိုက်လို့ ဟွာဝေးက ပျက်ပြားမသွားဘဲ ပိုပြီးအလျင်အမြန် တိုးတက်ပါတယ်လို့ ပြောဆိုပါတယ်။ 

 

ဟွာဝေးက ပြိုင်ဘက်ကုမ္ပဏီဆီကနေ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ ခိုးယူတာမျုးိနဲ့ ဟွာဝေးပစ္စည်းတွေဟာ တရုတ်အစိုးရအတွက် စုံစမ်းထောက်လှမ်းရေးလုပ်ပေးနိုင်တယ်ဆိုတဲ့ သံသယကြောင့် အမေရိကန်က ဦးဆောင်ပြီး အသုံးမပြုရေးကို လုပ်ဆောင်နေပါတယ်။ 

 

သြစတြေးလျ နဲ့ နယူးဇီလန်နိုင်ငံတွေက 5G နက်ဝက်နည်းပညာမှာ ဟွာဝေး ပစ္စည်းတွေကို ပိတ်ပင်ခဲ့ပါတယ်။ 

 

MDN
ကိုးကား - AFP