မကွေး စက်တင်ဘာ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ချောက်ခရိုင်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေး ပါတီများမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
အစည်းအဝေးသို့ ချောက်ခရိုင်နှင့် မြို့နယ်အဆင့် ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ရွေးကောက်ပွဲအရာရှိများ၊ ချောက်ခရိုင်နှင့် မြို့နယ်အဆင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် ချောက်ခရိုင်နှင့် မြို့နယ်အဆင့် လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)