နေပြည်တော်၊ စက်တင်ဘာ ၂၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေး-ပြင်ဦးလွင် ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅)၌ မန္တလေးမြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၅)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုံးကုတင်(၈)လုံး၊ နှစ်ထပ်ဘီဒို (၁)လုံး၊ မှန်တင်ခုံ (၂)လုံး အပါအဝင် ကုန်ပစ္စည်း(၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Toyota Caldina (၁)စီး၊ Nissan AD Van (၃)စီး၊ Toyota IPSUM (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၊ ရွှေစာရံ-ကဗျူး-ရဲရွာ-သံတောင်-ရွှေချောင်း-ပြင်စာလမ်း လမ်းဘေးတစ်နေရာ၌ ပိုင်ရှင်မဲ့ နှမ်းနက်(၂၂)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Led T8 Glass Tube အခု (၂၅၀၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၆၇၆,၅၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် စိုက်ပျိုးရေးသုံးပစ္စည်း Brush Cutter (၂၆၀)ခု (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉,၈၇၄,၄၀၀)နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Vaseline Lotion (၈၄၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၂၀,၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးနှင့် မြဝတီမြို့မှ မန္တလေး မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် UNE Tiger Hose ပိုက် ကီလိုဂရမ် (၂၂၀၀) ၊ Lactasoy Soy Milk (၁၈၀၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၁၂၉,၂၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Hino Profia (၁)စီးနှင့် Yutong Bus(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈,၂၀၀,၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သာကေတမြို့နယ်၊ ဇေယျဝတီ (၆)လမ်း၊ ရတနာလမ်းသစ်အိမ်ရာ၊ တိုက်အမှတ်(၁၂)၌ တရားမဝင်ကျွန်းသစ် (၂ ဒသမ ၆၇၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၆၂,၅၉၆)ကိုလည်းကောင်း၊ လှည်းကူးမြို့နယ်၊ ကျောက်အိုင်ကျေးရွာနှင့် ဂုံမင်းလျှိုကျေးရွာ၌ တရားမဝင် ကျွန်းသစ်(၁.၃၂၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၄,၅၇၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၆၇,၁၆၆) ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
၎င်းအပြင် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ထုံးဘို ရပ်ကွက်၊ မင်းစံနယ်မြေ၊ ဧရာဝတီမြစ်အတွင်း၌ တရားမဝင်သစ်မျိုးစုံ(၅ ဒသမ ၀၈၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၅၄၃,၉၀၀)နှင့် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ စစ်ဆေးရေးဂိတ်၌ တရားမဝင်သစ် (၁ ဒသမ ၅၃၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၉,၀၀၀)တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ်၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Lifan မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၀၀၂,၉၀၀)ကို ဖမ်းဆီးအရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်တင်ဘာ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၄၆၇)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၆၈,၂၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄,၉၃၈,၃၈၆)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)