ဘားအံ စက်တင်ဘာ ၂၂

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေး ပါတီများအနက် ကရင်ပြည်နယ်အတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား  စိစစ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ထိုအစည်းအဝေးတွင် ကရင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြား သည်။

 

ထိုအစည်းအဝေးတွင် ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကရင်ပြည်နယ်အတွင်း ပါတီဌာနချုပ်ဖွင့်လှစ်ထားသည့် ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)