နေပြည်တော် စက်တင်ဘာ ၂၄

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၆)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (16th Conference of ASEAN Ministers Responsible for Information - AMRI) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး  ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MITV)မှ ညွှန်ကြားရေးမှူး ဒေါ်လိန်းမောင်ပန်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမှုံတို့လည်း ပြန်လည်လိုက်ပါလာကြသည်။

 

အဆိုပါ (၁၆)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (16th Conference of ASEAN Ministers Responsible for Information-AMRI)၊ အကြိမ် (၂၀) မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (20th  ASEAN Senior Officials Meeting Responsible for Information-SOMRI) နှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက် (၃)နိုင်ငံ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)