ကျိုင်းတုံ ၁၉ ဖေဖေါ်ဝါရီ 

 


ခရီးရှည် (၃၇၃၀)ကီလိုမီတာကို ရက်ပေါင်း (၃၉)ရက်တိတိ စက်ဘီးစီးနှင်းခဲ့ကြသူများအား ဖေဖေါ်ဝါရီ ၁၉ ရက် ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုသည်။

 

ေ

 

အဆိုပါ ကျိုင်းတုံမှ စက်ဘီးစီးသမား (၅)ဦးသည် ကျိုင်းတုံမြို့မှ တာချီလိတ်- ထိုင်းနိုင်ငံ မယ်ဆိုင်- ချင်းမိုင်- မယ်ဆောက်- မြဝတီ- ကရင်ပြည်နယ်- မွန်ပြည်နယ်- ပဲခူးတိုင်း- ရန်ကုန်တိုင်း- ဧရာဝတီတိုင်း- မကွေးတိုင်း- မန္တလေးတိုင်း- ရှမ်းပြည်နယ်တောင်ပိုင်း- ကယားပြည်နယ်- ကျိုင်းတုံမြို့အထိ ခရီးရှည် (၃၇၃၀)ကီလိုမီတာကို ရက်ပေါင်း(၃၉)ရက်တိတိ စက်ဘီးစီးနှင်းခဲ့သည်ဟု ကျိုင်းတုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။

 


ခရိုင် (ပြန်/ဆက်)

 

ေ