တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းရှိအိမ်ထောင်စု ၄၅၀ ထံ ထောက်ပံ့လှုဒါန်းမှုပြုလုပ်

စက်တင်ဘာ ၂၈

 

အာဖဂန်နစ္စတန်နိုင်ငံရှိအာဏာပိုင်များက တရုတ်နိုင်ငံ၏ ထောက်ပံ့လှုဒါန်းမှုများကို နိုင်ငံအနောက်ပိုင်းနီမို့ဇ်ပြည်နယ်ရှိ အိမ်ထောင်စု ၄၅၀ ထံ ဝေငှပေးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ပြည်နယ်ညွှန်ကြားရေးမှူး မိုဟာမက်ကာဆင်က ယနေ့တွင် ပြောကြားသည်။

 

အိမ်ထောင်စုအသီးသီးအား ၅၀ ကီလိုဂရမ်ရှိ ဆန်အိတ်တစ်လုံးစီ ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းကပြောကြားပြီး လာမည့်ရက်များအတွင်း အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်အား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဝေငှသွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

 

တရုတ်နိုင်ငံက လွန်ခဲ့သောနှစ်နှစ်တာကာလအတွင်း စစ်ဘေးသင့်နိုင်ငံဖြစ်သော အာဖဂန်နစ္စတန်နိုင်ငံသို့ ဆောင်းရာသီဝတ်အဝတ်အစားများ၊ ခြုံစောင်များ၊ ရွက်ဖျင်တဲများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ၊ စားသောက်ကုန်များအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို