ရန်ကုန် စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ဌာန မှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ၉ ရပ်ကွက်၊အနော်ရထာ လမ်းနှင့် ရာဇာဓိရာဇ်လမ်းထောင့်ရှိ ဒဂုံမြို့သစ် (မြောက် ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းနှင့် ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိရန်ကုန် အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံဝင်းအတွင်း တို့၌ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူပေါင်းအင်အားဖြင့် စုပေါင်း လုပ်အားပေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစစ်သည်။
အလားတူ ဒဂုံမြို့နယ်၊ဦးဝိစာရလမ်းရှိ အမှတ်(၂)၊တပ်မတော် စစ်ဆေးရုံ (ကုတင် ၅၀၀)၊ ဝင်းအတွင်း၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအင်အားဖြင့် စက်ယန္တရားများ အသုံးပြု၍ သစ်ပင်အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း များအတွင်းရှိအ မှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း စုပေါင်းလုပ်အားပေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ဆေးရုံကြီးများအတွင်း အလင်းရောင်ကောင်းစွာရရှိရန် အုပ်မိုးသစ်ကိုင်းများ စနစ်တကျခုတ်ထွင်ရှင်း လင်းစွန့်ပစ်ရန်၊ ဆေးရုံကြီးများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရန် ချုံနွယ်မြက်ပင်များ စနစ်တကျရှင်း လင်းထားရှိရန်နှင့် လျှပ်စစ်မီးကြိုးများအား အန္တရာယ်ကင်းစွာ သွယ်တန်းထားရှိရန်တို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)