လွိုင်ကော်၊ အောက်တိုဘာ ၁
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ကယားပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရဲဗလဘွဲ့တံဆိပ်ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ ရဲတပ်ဖွဲ့ဝင်များ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း ၅၀၊ မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်သုံးဦး၊ မှုခင်းများ နာရီပိုင်းအတွင်း ဖော်ထုတ်နိုင်မှု ဆုရရှိသူ သုံးဦး၊ အမှုများအများဆုံး တရားစွဲတင်နိုင်မှု ဆုရရှိသူနှစ်ဦး၊ စည်းရုံးရေးနှင့် အုပ်ချုပ်မှု ကောင်းမွန်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း ခွင့်မဲ့ပျက်ကွက်မရှိသည့် ရဲစခန်းသုံးခုတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှုက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)