နေပြည်တော်၊ အောက်တိုဘာ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကလေးငယ်များကို ပြုစုပျိုးထောင်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
မူလတန်းကြိုကျောင်းကား ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မူကြိုအရွယ် ကလေး သူငယ်များသည် အနာဂတ်၏ အဖိုးတန်ရတနာများဖြစ်သဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းလမ်းများနှင့်အညီ စနစ်တကျပြုစုစောင့်ရှောက်ရန်လိုအပ်ကြောင်း တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို ထပ်ဆင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနက တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးထားသော ချယ်ရီမြေဘိုးဘွားရိပ်သာသို့ သွားရောက်၍ ထောက်ပံ့ငွေများပေးအပ်ကာ ဘိုးဘွားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင်ဘက်စုံပညာသင်ကျောင်းသို့ သွားရောက်၍ ဆရာတော်ဦးဉေယျကို ဖူးမြော်ကန်တော့ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်