ရန်ကုန် အောက်တိုဘာ  ၃

 

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ ရောက်ရှိပြီး ခနောင်တို အ‌ရှေ့ရပ်ကွက်၊ ဗဟိုလမ်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝင်းအတွင်း ကွန်ကရစ်ခင်းကျင်းပြီးစီးမှု၊ ဓမ္မပီတိ ဂုံးထိပ်တံတားမှ အခြေခံပညာ အထက်တန်း ကျောင်းအထိ ကွန်ကရိလမ်း တိုးချဲ့ခင်းကျင်းနေမှု၊ ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက် နေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ လမ်းပုခုံးသားများ ပြေပြစ်အောင်ဆောင်ရွက်ရေး မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟိုလမ်းတစ်လျှောက် 110mmØ HDPE ပိုက် သွယ်တန်းခြင်း လုပ်ငန်း၊ အောင်မင်္ဂလာရေပေးဝေရေးစခန်းအတွင်း ၃ နာရီလျှင် ရေဂါလန် ၂၀၀၀၀ ထွက်ရှိသည့် အကြို ရေသန့်စင်စက်ရုံနှင့် ရေဂါလန် ၃၆ သန်းဆံ့ အောင်မင်္ဂလာရေကန်တို့ကို လည်းကောင်း၊ ဒလမြို့နယ် အောင်မင်္ဂလာရပ်ကွက် ဒလ-တွံတေး ကားလမ်းဘေးရှိ ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက် နေမှုကိုလည်းကောင်း၊ ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ ပန်းကွက်ဖော်မြေယာရှုခင်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဆောင်ရွက်လျက်ရှိသည့် အာဆီယံသပြေ စိုက်ပျိုးထားရှိမှု၊ မြေယာရှုခင်းဆောင်ရွက်နေမှုနှင့် ပျိုးခြံအတွင်းပေါ်လိုနီယားနှစ်ရှည်ပင် အပင်(၅၀၀) ပြုစုပျိုးထောင်ထားရှိမှုတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့် ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် မြို့တော်ဝန်သည် မြို့တော်ခန်းမ ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ပြီး မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေး၊ ရေ‌ပေးဝေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကောင်းမွန်ရေး၊ ပြည်သူများ ရေပြတ်လပ်မှုမရှိစေရေး၊ အများပြည်သူများနှင့် အဆင်ပြေချောမွေ့စွာ ဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)