နေပြည်တော် အောက်တိုဘာ ၃

 

ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်း ဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း၏ လုပ်ငန်းအစီအစဉ်အရ အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဒုတိယနေ့ကို ယနေ့  နံနက် ၉  နာရီခွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ဆက်လက်ကျင်းပသည်။

 

သင်တန်း၏ ဒုတိယမြောက်နေ့တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဝေက အုန်းသီးရေခဲမုန့် ပြုလုပ်ခြင်းအတွက် ပါဝင်သည့်ပစ္စည်းများနှင့် ပြုလုပ်နည်း အုန်းစိမ်းဂျယ်လီ၊ အုန်းသီးအချိုရည် ပြုလုပ်ခြင်း၊ အုန်းဆီနှင့် အုန်းနို့မှုန့် ပြုလုပ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသင်ကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)