အစ္စလာမ္မာဘတ်၊ အောက်တိုဘာ ၄

 

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌ တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အနည်းဆုံး ၁၅၅ ဦးရှိကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။

 

ပန်ဂျပ်ပြည်နယ်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အသစ်ထပ်မံ ဖြစ်ပွားသူများသည် ပန်ဂျပ်ပြည်နယ်၏ ဒေသအများအပြားမှဖြစ်ပြီး ယခုနှစ်စပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၄၈၃၁ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

 

ပန်ဂျပ်ပြည်နယ်၏မြို့တော် လာဟိုးသည် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၉၀၇ ဦးနှင့်အတူ ဖြစ်ပွားမှု အများဆုံးမြို့အဖြစ် ဆက်လက်ရပ်တည်နေပြီး ၎င်းနောက်တွင် ရာဝယ်လ်ပင်ဒီခရိုင်က ၁၃၄၀၊ မူလ်တန်ခရိုင်က ၅၆၂ ဦး၊ ဖိုင်ဆာလာဘက်ခရိုင်က ၂၂၂၁ ဦးနှင့် ဂူရန်ဝါလာခရိုင်က ၂၁၃ ဦးစသည်ဖြင့် အသီးသီးရပ်တည်လျက်ရှိ ကြောင်း သိရသည်။

 

လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၈ ဦးသည် ပြည်နယ်တစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်းနှင့် အဆိုပါ ၁၈၈ ဦးထဲတွင် လာဟိုးမြို့၌ ဆေးဝါးကုသမှုခံယူနေသူ ၆၉ ဦးလည်းပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်