အောက်တိုဘာ ၅

ပစိဖိတ်သမုဒ္ဒရာတွင် ပြင်းအား ၆ ဒသမ ၅ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဂျပန်နိုင်ငံ Izu ကျွန်း၌ ယနေ့မနက်ပိုင်းတွင် ဆူနာမီလှိုင်းအနည်းငယ်ဖြစ်ပေါ်ခဲ့ရာ အပျက်အစီးမရှိကြောင်း ဖော်ပြထားသည်။

ဂျပန်မိုးလေဝသဌာနက ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထိုဒေသတွင် ဆူနာမီလှိုင်းအမြင့် ၃၀ စင်တီမီတာရှိသည်ဟု သိရသည်။

တိုကျိုမြို့၏တောင်ဘက် ကီလိုမီတာ ၅၈၀ ခန့်အကွာတွင် လူနေထိုင်ခြင်းမရှိသော တိုရီရှီးမားကျွန်းတွင် အနက် ၁၇ ကီလိုမီတာ၌ ငလျင်လှုပ်ခတ်ခဲ့သည်။

ကနဦးထုတ်ပြန်ခဲ့သည့် ပြင်းအား ၆.၆ ပမာဏ ငလျင်လှုပ်ခတ်မှုနှင့် အနက် ၁၀ ကီလိုမီတာကို မိုးလေဝသဌာနက  ပြန်လည်ပြင်ဆင်ခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းကစတင်ကာ ငလျင်လှုပ်ခတ်မှုများဆက်လက်ဖြစ်ပွားလျက်ရှိသဖြင့် ၎င်းဒေသတွင် ငလျင်လှုပ်ခတ်မှုများ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးပြောကြားထားသည်။

ကိုးကား- ကျိုဒိုနယူးစ်

ဘာသာပြန်-မြင့်မြင့်ချို