နေပြည်တော်၊ အောက်တိုဘာ ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာခွင့်နှင့် ပြည်ဝင်ဗီဇာ ကိစ္စရပ်များဆောင်ရွက်ပေးရေး၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ လူသားချင်းစာနာမှု အကူအညီလိုအပ်သူနှင့် နေရပ်စွန့်ခွာသူဆိုင်ရာ ကိန်းဂဏန်း ထုတ်ပြန်ရာတွင် မြေပြင်အခြေအနေနှင့် ကိုက်ညီစေရေးအတွက် ဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး၊ သတင်းအချက်အလက်မျှဝေရေးနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင်းလင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်