နေပြည်တော်  အောက်တိုဘာ  ၆

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

 အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာနက ပါဝင် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကောင်းဆုံး ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ကြရန်နှင့် အပြုသဘော ဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနပြခန်းတွင် ခင်းကျင်းပြသမည့်  ပြခန်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် စပ်လျဉ်းသည့် ကြိုဆိုနေရာချထား ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)