နေပြည်တော်  အောက်တိုဘာ ၁၁

 

အောက်တိုဘာ ရက် နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြားနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ-ကလိဘူတာနှင့် နောင်ပတ္တရားဘူတာအကြားတို့တွင် ရထားလမ်းပေါ် ရေကျော်ခဲ့သဖြင့် လမ်းပိုင်းအတွင်းရောက်ရှိနေသည့် လူစီးအမြန်ရထား()စင်းမှ ခရီးသည်များကို ကားများစီစဉ်၍ ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင်ပေးခဲ့ရပြီး ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရသည်။

 

ယနေ့ နံနက်ပိုင်းမှစ၍ ရေများပြန်လည်ကျဆင်းလာသဖြင့် အဆိုပါ ရေဖုံးလွှမ်းခဲ့သည့် ပဲခူးဘူတာနှင့် ရွှေလှေဘူတာလမ်းပိုင်း၊ ပဲခူးဘူတာ-ကလိဘူတာနှင့် နောင်ပတ္တရားဘူတာ လမ်းပိုင်းများသို့ မြန်မာ့ မီးရထားတာဝန်ရှိသူများက တွဲဆိုင်း ၉ တွဲပါရှိသော ကျောက်ရထားဖြင့် လမ်း၏ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောက်ချခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

  

ထို့အတူ ပဲခူးဘူတာနှင့် ကလိဘူတာအကြားလမ်းပိုင်းအတွင်းသို့လည်း အောက်တိုဘာ ၁၀ ရက်မှ စတင်၍ ကျောက်ရထားတွဲဆိုင်း ၈ တွဲဖြင့် ကျောက်ချခြင်း၊ ထူးပေါက်နေရာများတွင် ကျောက်စီထည့် ခြင်းစသည့် လမ်းပိုင်းကြံ့ခိုင်မှုအတွက် လိုအပ်သည်များကို မွမ်းမံပြင်ဆင်၍ ရထားခရီးစဉ်များ ပုံမှန် ပြန်လည်ပြေးဆွဲနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)