နေပြည်တော် အောက်တိုဘာ ၁၁
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်ဉီးစီးသည့်အဖွဲ့သည် ယနေ့တွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ် ကျေးရွာများ၌ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
ဉီးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်သည် ဖလောင်းကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံ ပြည့်ဝစေရေးအတွက် နေပြည်တော်ကောင်စီမှကြီးကြပ်၍ ဆန်နှင့်စားအုန်းဆီများ အား သက်သာ သော ဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ဖလောင်းကျေးရွာမှတဆင့် ထိန်ပြောင်ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေး၍ ကျေးရွာသန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းပန်း ဆက်သွယ် မှုကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြားလိုအပ်သည်များကို ခရီးစဉ်တွင်လိုက်ပါ လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် အသစ်ဆောက်လုပ်ထားရှိသည့် ထိန်ပြောင်ကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအဆောက်အဉီများ ရေရှည်တည်တံ့စေရေးနှင့် ကြံ့ခိုင်မှုရှိစေရေးထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဒေသ ခံတိုင်းရင်းသားများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ထိန်ပြောင်ကျေးရွာရှိ အောင်သုခကျောင်းတိုက်၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည် သူလူထု တို့နှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင်က နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူလူထု မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာတိုင်းသို့ သွားရောက်၍ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ မိမိရောက်ရှိနေသည့် ကာလအတွင်း ဒေသခံတိုင်းရင်း သားပြည်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြကြစေလို ကြောင်း၊ တင်ပြချက်များအပေါ်မူတည်၍ ဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဆောင်ရွက်ပေးပြီး အချိန်ယူ ဆောင်ရွက််ပေးရမည့် ကိစ္စရပ်များကို ဘဏ္ဍာရေးနှစ်များအလိုက် လျာထားသတ်မှတ်၍ ဆက်လက်ဆောင်ရွက်ပေးနိုင် ရေးဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ် အေးချမ်း လုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်သားတည်းရှိရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ထောင်စုများ၊ ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုလာပြားများ၊ ကျောင်းသုံးစာရေး ကိရိယာများ၊ ဗဟုသုတ ရဖွယ် သုတ၊ ရသစာအုပ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများ၊ First Aid Kitများ၊ နှင့် ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက် ပေးခဲ့သည့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ထောက်ပံ့လှူဒါန်း ပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ကျောင်းအုပ်ဆရာကြီးများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူ များက လက်ခံရယူကြသည်။
ယင်းနောက် ဒေသခံတိုင်းရင်းသားပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအမံများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးကြကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် အောင်သုခကျောင်းတိုက်ဆရာတော် ဉီးကောသလ္လ အား ဖူးမြော် ကန်တော့၍ ပန်းပေါင်း စုံဘုရားဆင်း တုတော် နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ကြရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးခြင်း၊ နေပြည်တော်ကုသရေးဉီးစီးဌာနမှ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ထိန်ပြောင်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နေပြည်တော် လမ်းဉီးစီးဌာနမှ ကျေးရွာအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျေးရွာအတွင်း လျှပ်စစ်မီးရရှိနိုင်ရေး လိုအပ်သည်များ ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
(သတင်းစဉ်)