နေပြည်တော် အောက်တိုဘာ  ၁၁

 

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ “ ဘယ်သူမှန်လဲ အပြိုင်ကြဲ ” အစီအစဉ်သစ်ကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေပိုင်းတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV –HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိရာ ယခုအပတ်တွင် “Tik Tok ဆော့ရင်းနဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာနိုင်တယ်”၊ “Tik Tok ဆော့ရင်းနဲ့ သရုပ်ဆောင်တစ်ယောက် မဖြစ်လာနိုင်ဘူး”ခေါင်းစဉ်ဖြင့် တင်ဆက်သွားမည်ဖြစ်သည်။

 

အဆိုပါ အစီအစဉ်တွင် တင်ဆက်သူ ထူးပြည့်အောင်နှင့်အတူ ရွှေကြိုမောင်/မယ် ထင်လင်းအောင်နှင့် အယ်လ်ဘန်နီချမ့်ဇ်တို့က ပရိသတ်များ၏ အားဖြည့်ဆွေးနွေးမှုများဖြင့် အပြန်အလှန်  ဆွေးနွေးကြမည် ဖြစ်ရာ ယင်းအစီအစဉ်ကို MRTV –HD Channel မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်  တနင်္ဂန ွေနေ့ညနေ (၆)နာရီသတင်းအပြီးတွင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်၊ ကြာသပတေးနေ့ ညနေ (၆)နာရီ သတင်းအပြီးတွင်လည်း (Replay) ထပ်မံထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)